Terminal M Gift Cards

သီတင်းကျွတ်အတွက် လက်ဆောင်မွန် Terminal M Gift Card

မကြာခင်ရောက်ရှိလာတော့မည့် သတင်းကျွတ်အခါသမယလေးမှာ လေးစားချစ်ခင်ရတဲ့ လူကြီးမိဘ၊ မိတ်ဆွေများကို ဂါရဝလက်ဆောင်ပေးအပ်ရန်အတွက် Terminal M ရဲ့ Gift Card လေးကို ဝယ်ယူလို့ရနိုင်ပြီဆိုတဲ့အကြောင်းသတင်းကောင်းလေးပြောပြပေးချင်ပါတယ်။ လက်ဆောင်တွေရွေးချယ်ဝယ်ယူရာမှာ ငွေသားလက်ဆောင်မပေးလိုသူများနဲ့ ကိုယ်ကြိုက်နှစ်သက်ရာတွေကို အဆင်ပြေပြေဝယ်ယူနိုင်ဖို့အတွက် အဓိကရည်ရွယ်ပြီး Terminal M ဈေးဝယ်ခွင့် Gift Card လေးတွေကိုရောင်းချပေးခြင်းဖြစ်ပါတယ်။

Terminal M ရဲ့ Gift Card များကို အောက်တိုဘာလ ၇ ရက်နေ့မှစတင်ပြီး Terminal M မြေညီထပ်မှာရှိတဲ့ Information ကောင်တာမှာစတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။Terminal M Gift Card ကို ၁သိန်းကျပ်တန်, ၆သောင်းကျပ်တန် နှင့် ၃သောင်းကျပ်တန် ဆိုပြီး အမျိုးအစား (၃) မျိုး ပြုလုပ်၍ ရောင်းချပေးသွားမှာဖြစ်ပါတယ်။ ကိုယ်လေးစားချစ်ခင်ရတဲ့ လူကြီးမိဘ၊မိတ်ဆွေသိင်္ယဟ များကို သီတင်းကျွတ် ဂါရဝအဖြစ် Terminal M Gift Card များပေးရင်း ပျော်ရွှင်စရာသီတင်းကျွတ်အခါသမယ ပိုင်ဆိုင်နိုင်ကြပါစေလိုလည်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်နော်။

Terminal M Gift Card ကိုင်ဆောင် သုံးစွဲသူများ သိရှိလိုက်နာရမည့် အချက်အလက်များ

  • Terminal M မှ သတ်မှတ်ထားသည့် အောက်ဖော်ပြပါ တန်ဖိုးရှိ Terminal M Gift Card များအား ၀ယ်ယူ အသုံးပြုနိုင်မည် ဖြစ်ပါသည်။
    တစ်ကဒ်လျှင်             ၃၀,၀၀၀ ကျပ်
    တစ်ကဒ်လျှင်             ၆၀,၀၀၀ ကျပ်
    တစ်ကဒ်လျှင်             ၁၀၀,၀၀၀ ကျပ်
  • Terminal M အတွင်း ဖွင့်လှစ်ထားသော သတ်မှတ်ထားသည့် ဆိုင်ခန်းများတွင် Physical Gift Card ပြသ၍ ၀ယ်ယူ အသုံးပြုနိုင်မည်ဖြစ်ပြီး Gift Card ကိုင်ဆောင်ထားသူသည်သာ သတ်မှတ် ထည့်သွင်းထားသော ငွေပမာဏအတိုင်း ၀ယ်ယူအသုံးပြုခွင့် ရှိမည်ဖြစ်ပါသည်။
    (Computerized System တပ်ဆင်ထားခြင်းမရှိသော ဆိုင်ခန်းများ / Mobile Kiosk များတွင် အသုံးပြုနိုင်မည် မဟုတ်ပါ။ သို့ဖြစ်ပါ၍ Gift Card ကို အသုံးမပြုမီ ဆိုင်ခန်းအား အသုံးပြု၍ ရနိုင်၊မရနိုင် ကြိုတင်မေးမြန်းပေးရန် ကျေးဇူးပြု၍ မေတ္တာရပ်ခံလိုပါသည်။)
  • အချို့ဆိုင်ခန်းများတွင် Gift Card ဖြင့်တိုက်ရိုက်အသုံးပြုနိုင်မည်မဟုတ်ဘဲ Terminal M အပန်းဖြေစျေးဝယ်စင်တာ မြေညီထပ်ရှိ Information Counter တွင် Gift Voucher အဖြစ်လဲလှယ်ပြီးမှသာ အသုံးပြုနိုင်မည်ဖြစ်သည်။
  • Gift Card အား စတင်၀ယ်ယူသည့် နေ့မှစတင်၍ တစ် (၁) နှစ်တာ ကာလအတွင်း အသုံးပြုနိုင်မည် ဖြစ်ပါသည်။
  • ကဒ်အတွင်းရှိ ငွေပမာဏအား ငွေသားဖြင့် ပြန်လည် လဲလှယ်ခြင်းအား ခွင့်ပြုမည်မဟုတ်ပါ။
  • Gift Card ပျက်စီး၊ ပျောက်ဆုံးမှုများအတွက်  Terminal M မှ တာဝန်ယူမည် မဟုတ်ပါ။
  • Gift Card များနှင့် ပတ်သက်၍ အငြင်းပွါးဖွယ်ရာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက Terminal M Leisure Mall ၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *