Category Archives: Artist Wall

အမိုက်စား Wall Art/Mural တွေကို ဖန်တီးမယ့် လူငယ် Artist ၄ ဦး

Shopping Mall ထဲမှာရှိတဲ့ နံရံအကြီးကြီးတွေပေါ်မှာ ပုံတွေဆွဲဖို့ စိတ်ကူးယဥ်ကြည့်ဖူးလား? Terminal M မှာ လူငယ် Artist ၄ ဦးကတော့ အဲဒီစိတ်ကူးတွေကို အကောင်အထည် ဖော်နေကြပါပြီ။

Doodle Art @ Artist Wall

Terminal M အပန်းဖြေဈေးဝယ်စင်တာရဲ့ ဒုတိယထပ်မှာရှိတဲ့ Artist Wall မှာ လက်စွမ်းပြချင်တဲ့ လူငယ် Artist တွေရဲ့ လျှောက်လွှာတွေ အများကြီးလက်ခံရရှိတဲ့အတွက် အရမ်းပဲဝမ်းသာကြည်နူးရပါတယ်။ ဖြစ်နိုင်ရင် လာလျှောက်သမျှ Artist တွေကို လက်ခံပေးချင်ပေမယ့်လည်း လက်ရှိရေးဆွဲနိုင်မယ့် Artist Wall နေရာ အကျယ်အဝန်းအတွက် လူငယ် Artist ၄ ဦးသာ ဝမ်းနည်းစွာပဲ ‌ရွေးချယ်ခဲ့ရပါတယ်။