Free Shuttle Bus Service till 9PM (Night Bazaar ,Dec 22 – 25)

ရန်ကုန်မြို့ရဲ့ Street Food တွေအစုံရနိုင်မယ့် Terminal M ရဲ့ လေဟာပြင်စျေးကိုလာဖို့ ညနေအပြန်နောက်ကျမှာ စိတ်ပူနေတယ်ဆိုရင် မပူနဲ့တော့နော် . . .

ဘာလို့လဲဆိုရင် ရွှေပေါက်ကံအထိ ‌အခမဲ့ပြေးဆွဲ‌နေနေ Terminal M Shuttle ကို ည ၉ နာရီအထိ စီစဥ်ထားရှိပေးထားတာမို့ အိမ်ကို အဆင်ပြေချောမွေ့စွာ ပြန်နိုင်မှာပါနော်။ တခြားမြို့နယ်တွေ ပြန်မယ့်သူတွေအတွက်လည်း အငှားယာဥ်များ၊ ဆိုင်ကယ်ကယ်ရီများကို လေဟာပြင်စျေးဖွင့်ချိန်၊ ပိတ်ချိန်အကြောင်း အသိပေးထားတာမို့ transportation အတွက်အခက်အခဲမရှိ အဆင်ပြေပြေပြန်နိုင်ဖို့ မျှော်လင့်ပါတယ်နော်။

လေဟာပြင်စျေးဟာဆိုရင် ဒီဇင်ဘာလ ၂၂ ရက်ကနေ ၂၅ ရက် အထိ ညနေ ၄ နာရီကနေ ၉ နာရီအထိ ပြုလုပ်သွားမှာ ဖြစ်ပြီး စျေးသင့်တဲ့ ရန်ကုန်ရဲ့ Street Food တွေ ရှယ်ဆွဲနိုင်မယ့် ဆိုင်ခန်းပေါင်း ၃၀ ကျော်ပါဝင်ပါတယ်။ ဒါ့အပြင် ဓါတ်ဖမ်းလို့ကောင်းမယ့်နေရာလေးတွေ၊ မျက်လှည့်၊ Busking Show စတဲ့ ဖျော်ဖြေရေးအစီအစဥ်တွေနဲ့ လူကြီးတွေရာ ကလေးတွေပါ ပျော်ရွှင်စွာဆော့ကစားနိုင်မယ့် ဂိမ်းအစီအစဥ်တွေကို ထည့်သွင်းပေးထားလို့ ညနေ ၄ နာရီကနေ ည ၉ နာရီအထိ အချိန်ကုန်လို့ကုန်မှန်းမသိအောင် မနားတမ်းလွှတ်ကဲနိုင်မှာပါ။

အေးချမ်းလှတဲ့ ဒီဇင်ဘာညချမ်းလေးတွေကို ကြည်နူးချမ်းမြေ့စွာကုန်ဆုံးနိုင်ဖို့ ‌Terminal M လေဟာပြင်စျေးကိုသာ အရောက်လှမ်းလာခဲ့လိုက်ပါနော်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်