Terminal M Night Bazaar (Dec 22 – 25)

ဒီဇင်ဘာအထူးအစီအစဥ်အနေနဲ့ ရန်ကုန်မြို့ရဲ့ Street Food အစုံကို တစ်နေရာထဲမှာ ရှယ်ဆွဲလို့ရမယ့် Terminal M “လေဟာပြင်ဈေး” ကို ဒီဇင်ဘာလ ၂၂ ရက် ကနေ ၂၅ ရက် အထိ နေ့စဥ် ညနေ ၄ နာရီကနေ ၉ နာရီအထိ ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

Terminal M လေဟာပြင်စျေးမှာဆိုရင် စားသောက်ဆိုင်တွေချည်းပါ၀င်မှာဖြစ်ပြီး ရန်ကုန်မြို့ရဲ့ ဘယ်တော့မှမရိုးနိုင်တဲ့ street food တွေဖြစ်တဲ့…၀က်သားဒုတ်ထိုး၊ ကြာဆံကြော်၊ အထောင်းစုံ၊ အကင်စုံ၊ ကြက်သံပုံးကင်၊ ငါးဖယ်/ပဲပြားအစာသွပ်၊ ကြာဆံချက်၊ မာလာရှမ်းကော၊ မောက်ချိုက်၊ အာတာပူစီ၊ မြန်မာမုန့်မျိုးစုံ၊ လက်ဖက်နဲ့ ယိုစုံ၊ အသားလိပ်အမျိုးမျိုး၊ မုန့်တီ၊ မုန့်ဟင်းခါး၊အကြော်စုံ၊ ကိုရီးယားနဲ့ ရှမ်းအစားအစာများ၊ ရေရေမုန့် နဲ့ အချိုရည်မျိုးစုံစတာတွေကို တနေရာထဲမှာ အစုံလင်ဆုံးရရှိနိုင်မယ့်အပြင် Terminal M ရဲ့ထုံးစံအတိုင်း စျေး၀ယ်သူမိဘပြည်သူများ စိတ်အပန်းဖြေနိုင်ဖို့

– စိတ်လှုပ်ရှားပျော်ရွှင်ဖွယ်ကောင်းတဲ့ ဂိမ်းအစီအစဥ်နဲ့ ကလေးများအတွက် ကစားကွင်း

– မျက်လှည့်၊ တဲရော့ဗေဒင်နဲ့ Busking ‌ဖျော်ဖြေရေးစတာတွေအပြင် ခရစ္စမတ်အထူးအစီအစဉ်များကိုပါ အသေအချာ စီစဥ်ထားရှိပေးထားတာ‌မို့ ဒီဇင်ဘာပိတ်ရက်တွေမှာ ဘယ်မှ သွားစရာမလိုဘဲ လေဟာပြင်စျေးနဲ့တင် စိတ် အပန်းဖြေစေနိုင်မှာ အသေအချာပါပဲ။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်