We’re Open!

Terminal M အပန်းဖြေစျေးဝယ်စင်တာကိုတော့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ အောင်မြင်စွာနဲ့ တရားဝင်ဖွင့်လှစ်လိုက်ပါပြီနော်။ လာရောက်အားပေးသူတွေလည်း အများကြီးမို့ ကျေးဇူးတင်ဝမ်းမြောက်ရပါတယ်။ ဒီနေ့ ဒီရက်ကို စိတ်ရှည်လက်ရှည်စောင့်ဆိုင်းပြီး အားပေးကြတဲ့သူတွေအားလုံးကို Terminal M မိသားစုကလည်းအထူးကျေးဇူးတင်ရှိပါတယ်နော်။Terminal M ဟာ အခက်အခဲတွေကြားထဲကမှ ဖွင့်လှစ်ခဲ့ရတာဖြစ်လို့မို့ ဒီလို အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေးအတွက် အဖက်ဖက်ကနေ ဝိုင်းဝန်း ပံ့ပိုးကူညီကြတဲ့သူများ အားလုံးကိုလည်း အစဥ်အမြဲ ကျေးဇူးတင်ရှိနေမှာပါ။ခုလိုအချိန်ကာလမှာ Terminal M ကိုအကြောင်းပြုလို့ အားလုံးအတွက် အလုပ်အကိုင်ဖန်တီးခွင့်ရရှိနိုင်ခြင်းနဲ့ အဲ့ဒီနားတဝိုက်မှာနေထိုင်ကြသူများ သက်တောင့်သက်သာ အဆင်ပြေပြေနဲ့ လိုအပ်တာတွေဝယ်ယူရင်းအပန်းဖြေနိုင် စားသောက်နိုင်တာကို တွေ့မြင်ရတာနဲ့ တင် ကြိုးစားရကျိုး၊ ပင်ပန်းရကျိုးနပ်တယ်လို့ခံစားရပါတယ်ရှင်။ နောက်ရက် နောက်ရက်တွေမှာလည်း Terminal M မှာ ဆက်လက်ပြီး လာရောက် စျေးဝယ်အပန်းဖြေဖို့ ဖိတ်ခေါ်ရင်း အားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်