သီတင်းကျွတ်အတွက် လက်ဆောင်မွန် Terminal M Gift Card
မကြာခင်ရောက်ရှိလာတော့မည့် သတင်းကျွတ်အခါသမယလေးမှာ လေးစားချစ်ခင်ရတဲ့ လူကြီးမိဘ၊ မိတ်ဆွေများကို ဂါရဝလက်ဆောင်ပေးအပ်ရန်အတွက် Terminal M ရဲ့ Gift Card လေးကို ဝယ်ယူလို့ရနိုင်ပြီဆိုတဲ့အကြောင်းသတင်းကောင်းလေးပြောပြပေးချင်ပါတယ်။ လက်ဆောင်တွေရွေးချယ်ဝယ်ယူရာမှာ ငွေသားလက်ဆောင်မပေးလိုသူများနဲ့ ကိုယ်ကြိုက်နှစ်သက်ရာတွေကို အဆင်ပြေပြေဝယ်ယူနိုင်ဖို့အတွက် အဓိကရည်ရွယ်ပြီး Terminal M ဈေးဝယ်ခွင့် Gift Card လေးတွေကိုရောင်းချပေးခြင်းဖြစ်ပါတယ်။
Terminal M ရဲ့ Gift Card များကို အောက်တိုဘာလ ၇ ရက်နေ့မှစတင်ပြီး Terminal M မြေညီထပ်မှာရှိတဲ့ Information ကောင်တာမှာစတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။Terminal M Gift Card ကို ၁သိန်းကျပ်တန်, ၆သောင်းကျပ်တန် နှင့် ၃သောင်းကျပ်တန် ဆိုပြီး အမျိုးအစား (၃) မျိုး ပြုလုပ်၍ ရောင်းချပေးသွားမှာဖြစ်ပါတယ်။ ကိုယ်လေးစားချစ်ခင်ရတဲ့ လူကြီးမိဘ၊မိတ်ဆွေသိင်္ယဟ များကို သီတင်းကျွတ် ဂါရဝအဖြစ် Terminal M Gift Card များပေးရင်း ပျော်ရွှင်စရာသီတင်းကျွတ်အခါသမယ ပိုင်ဆိုင်နိုင်ကြပါစေလိုလည်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်နော်။
Terminal M Gift Card ကိုင်ဆောင် သုံးစွဲသူများ သိရှိလိုက်နာရမည့် အချက်အလက်များ
- Terminal M မှ သတ်မှတ်ထားသည့် အောက်ဖော်ပြပါ တန်ဖိုးရှိ Terminal M Gift Card များအား ၀ယ်ယူ အသုံးပြုနိုင်မည် ဖြစ်ပါသည်။
တစ်ကဒ်လျှင် ၃၀,၀၀၀ ကျပ်
တစ်ကဒ်လျှင် ၆၀,၀၀၀ ကျပ်
တစ်ကဒ်လျှင် ၁၀၀,၀၀၀ ကျပ်
- Terminal M အတွင်း ဖွင့်လှစ်ထားသော သတ်မှတ်ထားသည့် ဆိုင်ခန်းများတွင် Physical Gift Card ပြသ၍ ၀ယ်ယူ အသုံးပြုနိုင်မည်ဖြစ်ပြီး Gift Card ကိုင်ဆောင်ထားသူသည်သာ သတ်မှတ် ထည့်သွင်းထားသော ငွေပမာဏအတိုင်း ၀ယ်ယူအသုံးပြုခွင့် ရှိမည်ဖြစ်ပါသည်။
(Computerized System တပ်ဆင်ထားခြင်းမရှိသော ဆိုင်ခန်းများ / Mobile Kiosk များတွင် အသုံးပြုနိုင်မည် မဟုတ်ပါ။ သို့ဖြစ်ပါ၍ Gift Card ကို အသုံးမပြုမီ ဆိုင်ခန်းအား အသုံးပြု၍ ရနိုင်၊မရနိုင် ကြိုတင်မေးမြန်းပေးရန် ကျေးဇူးပြု၍ မေတ္တာရပ်ခံလိုပါသည်။) - အချို့ဆိုင်ခန်းများတွင် Gift Card ဖြင့်တိုက်ရိုက်အသုံးပြုနိုင်မည်မဟုတ်ဘဲ Terminal M အပန်းဖြေစျေးဝယ်စင်တာ မြေညီထပ်ရှိ Information Counter တွင် Gift Voucher အဖြစ်လဲလှယ်ပြီးမှသာ အသုံးပြုနိုင်မည်ဖြစ်သည်။
- Gift Card အား စတင်၀ယ်ယူသည့် နေ့မှစတင်၍ တစ် (၁) နှစ်တာ ကာလအတွင်း အသုံးပြုနိုင်မည် ဖြစ်ပါသည်။
- ကဒ်အတွင်းရှိ ငွေပမာဏအား ငွေသားဖြင့် ပြန်လည် လဲလှယ်ခြင်းအား ခွင့်ပြုမည်မဟုတ်ပါ။
- Gift Card ပျက်စီး၊ ပျောက်ဆုံးမှုများအတွက် Terminal M မှ တာဝန်ယူမည် မဟုတ်ပါ။
- Gift Card များနှင့် ပတ်သက်၍ အငြင်းပွါးဖွယ်ရာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက Terminal M Leisure Mall ၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်ပါသည်။