ချက်ချင်းဝယ်၊ ချက်ချင်းနှိုက်၊ ချက်ချင်းရနိုင်တဲ့ Instant Luckydraw

သူငယ်ချင်းတို့ရေ.. Terminal M မှာ Always Good တယ်မလား။နောက်အပတ်စနေ၊ တနင်္ဂနွေတွေကျရင်လည်း Activity အသစ်လေးတွေထပ် ထည့်ထားသေးတယ်နော်။

ခုဖွင့်ပွဲကာလ တလတာပတ်လုံးအတွက် Terminal M အပန်းဖြေဈေးဝယ်စင်တာမှ ၂၀,၀၀၀ ကျပ်နဲ့အထက် ဈေးဝယ်တဲ့သူတွေအတွက် ချက်ချင်းဝယ်၊ ချက်ချင်းနှိုက်၊ ချက်ချင်းရနိုင်တဲ့ Instant Luckydraw ပရိုမိုးရှင်းလေးအကြောင်းကိုလည်း ထပ်ပြီးတော့ သေချာရှင်းပြချင်ပါသေးတယ် သူငယ်ချင်းတို့ရေ။ Terminal M အနေနဲ့ အခုဖွင့်ပွဲအတွက် ဈေးဝယ်သူမိဘပြည်သူများကို ကျေးဇူးတင်တုံ့ပြန်တဲ့အနေနဲ့ Activity ပေါင်းများစွာ ပါဝင်နိုင်အောင် စီစဉ်ပေးထားသလို တလတာလုံးလက်ဆောင်ပေးနိုင်အောင် ဆုမဲပေါင်း ငါးသောင်းနီးပါးစီစဉ်ထားတဲ့အတွက် နေ့စဉ်ဆုလက်ဆောင်ပေါင်း ၁၅၀၀ ကျော် မဲနှိုက် ကံထူးနိုင်ပါတယ်။

ဗလာမပါ ကံစမ်းမဲတွေရဲ့ ထုံးစံအတိုင်း ဆုလက်ဆောင်များက တနေ့စာတနေ့ အရေအတွက် ကန့်သတ်ချက်ရှိတာမို့ မကုန်ခင် စောစောလေးလာဖို့တော့ အကြံပြုပါရစေ သူငယ်ချင်းတို့ရေ။ Terminal M မှာ ဈေးဝယ်ပြီး နေ့စဉ် ကံထူးနိုင်မယ့် ဆုလက်ဆောင်တွေကတော့ . .- ၅,၀၀၀ တန် Gift Voucher များ- ၃,၀၀၀ တန် Gift Voucher များ- ၁,၅၀၀ တန် Gift Voucher များ- Terminal M ရှိဆိုင်များမှ အထူးလျှော့ဈေး Gift Voucher များ- Terminal M တံဆိပ်ပါ လက်ဆောင်များဖြစ်သော Tote Bag, မတ်ခွက်, Mask, Hand Sanitizer. phone pop socket, key chain များ - Terminal M ရှိ ဆိုင်ခန်းအချို့မှ လက်ဆောင်ပစ္စည်းများ စသည်တို့ကို ကံထူးရယူနိုင်မှာဖြစ်ပါတယ်။

ဒီဖွင့်ပွဲပရိုမိုးရှင်းကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကနေ မတ်လ ၂၆ ရက်နေ့ အထိ နေ့စဉ်ပြုလုပ်ပေးသွားမှာဖြစ်လို့ Terminal M မှာ နေ့တိုင်းသာ ဈေးဝယ်အပန်းဖြေရင်း ဆုလက်ဆောင်တွေလာရောက်ထုတ်ယူလိုက်ပါနော်။th to March 26th, so come try your luck while you treat yourself to a shopping spree at Terminal M.

Terminal M အပန်း‌ဖြေဈေးဝယ်စင်တာ

အမှတ် ၁၉၆၊ အမှတ် ၃ လမ်းမကြီးနှင့် ခရေပင်လမ်းဆုံ၊ အောင်မင်္ဂလာအဝေးပြေးဂိတ်အနီး၊

ရန်ကုန်စက်မှုဇုန်၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်မြို့။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်