အမိုက်စား Wall Art/Mural တွေကို ဖန်တီးမယ့် လူငယ် Artist ၄ ဦး

Shopping Mall ထဲမှာရှိတဲ့ နံရံအကြီးကြီးတွေပေါ်မှာ ပုံတွေဆွဲဖို့ စိတ်ကူးယဥ်ကြည့်ဖူးလား? Terminal M မှာ လူငယ် Artist ၄ ဦးကတော့ အဲဒီစိတ်ကူးတွေကို အကောင်အထည် ဖော်နေကြပါပြီ။

Terminal M အပန်း‌ဖြေ‌စျေးဝယ်စင်တာကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပြီး စင်တာရဲ့ ဒုတိယထပ် Artist Wall မှာ အမိုက်စား Wall Art/Mural တွေကို ဖန်တီးမယ့် လူငယ် Artist ၄ ဦးက ကိုယ့်စိတ်ကြိုက် အမိုက်စားဖန်တီးမှုတွေကို စဖွင့်တဲ့နေ့ကတည်းက စိတ်လှုပ်ရှား တက်ကြွစွာ စတင်ရေးဆွဲခဲ့ကြပါတယ်။

Terminal M Artist Wall ရဲ့ စုစုပေါင်းအလျား ၁၅၉.၈ ပေပေအမြင့် ၁၀ ပေ ရှိပါတယ်။ ဖန်တီးချင်တာတွေ လွတ်လွတ်လပ်လပ် ကွန့်မြူးနိုင်လောက်တဲ့ ဆိုဒ်မို့ ပုံဆွဲကြမယ့် Artist လေးတွေလည်း အင်မတန်မှကိုစိတ်လှုပ်ရှား‌နေကြပါတယ်။ သူတို့အ‌နေနဲ့ တစ်ယောက်ကို အညီအမျှ လေးပိုင်းပိုင်းထားတဲ့ နံရံတစ်ခုစီ မဲနှိုက်ပြီးရရှိထားတာဖြစ်ပါတယ်။

Artist Wall 1 ကို မင်းသူကရရှိပြီး Wall 2 ကိုက Kee Kee, Wall 3 ကိုကတော့ ငုံးပု @Ngomepu (Min Hein Kyaw) နဲ့ Wall 4 ကိုတော့ ဇွန်မေ ကရရှိခဲ့ကြပါတယ်။ ရေးဆွဲပြီးတဲ့အခါ wall နံပါတ်တွေအလိုက် စင်တာမှာ လာရောက် vote ပေးနိုင်ဖို့ ဖန်တီးထားတဲ့လက်ရာ Wall တစ်ခုစီအတွက် score board လေးတွေ ထားပေးထားမှာဖြစ်လို့ အဲဒီအချိန်ကြရင်လည်း Terminal M ကိုလာရောက်ပြီး ကူညီဆုရွေးချယ်ပေးကြပါဦးနော်။ ဒီနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ မြင်တွေ့ရတဲ့ Artist ၄ ဦးရဲ့ ဆွဲလက်စလက်ရာတွေကို Terminal M ရဲ့ သူငယ် ချင်းတွေ တခြား‌သောလူငယ် artist လေး‌‌တွေနဲ့ doodle art, wall murals တွေကို စိတ်ပါဝင်စားတဲ့သူမြင်တွေ့ခံစားနိုင်ဖို့ ဝေမျှပေးလိုက်ပါတယ်နော်။

အားမရရင်တော့ ကိုယ်တိုင်အပြင်မှာလာကြည့်အားပေးနိုင်ပါတယ်နော်။ အပြင်မှာ သူတို့ဆွဲ‌နေနေကို ကော်ဖီလေးတစိမ့်စိမ့်သောက်ရင်းခံစားကြည့်ရတာ တကယ့် ဖီးလ်နော်။ အငြိမ့်ပဲ။ လာကြည့်ပါလား။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်