Terminal M တွင် အလုပ်လျှောက်လိုသူများအတွက် အသိပေးကြေညာချက်

ရန်ကုန်မြောက်ပိုင်းခရိုင်ရဲ့ အကြီးဆုံးစျေးဝယ်စင်တာတစ်ခုအဖြစ် ဖွင့်လှစ်ထားတဲ့ Terminal M အပန်းဖြေစျေးဝယ်စင်တာဟာ မင်္ဂလာဒုံနဲ့အနီးတဝိုက်မှာရှိနေတဲ့ မြို့နယ်တွေအတွက် လူနေမှုအဆင့်အတန်းကို တစ်ဆင့်မြှင့်ပေးနိုင်ခဲ့သလို၊ အလုပ်အကိုင်အခွင့်အလမ်းပေါင်းများစွာကိုလည်းဖန်တီးပေးနိုင်ခဲ့ပါတယ်။

လစ်လပ်နေသောရာထူးများအတွက် ဝန်ထမ်းများခေါ်ယူခြင်းကို Terminal M Facebook စာမျက်နှာတစ်နေရာထဲတွင်သာ တရားဝင်ကြေညာခေါ်ယူနေခြင်းဖြစ်ပြီး တခြားသော Social Media Platform များ အသုံးပြုကြေညာခြင်း၊ အခြားသောရုံးခွဲများမှတဆင့် လျှောက်လွှာများလက်ခံခြင်း၊ ပြင်ဆင်ပေးခြင်းများအား မပြုလုပ်ထားကြောင်းကို လေးစားစွာဖြင့် အသိပေးပြောကြားလိုပါတယ်။

Terminal M အပန်းဖြေစျေးဝယ်စင်တာအနေနဲ့ အလုပ်ခေါ်ယူခြင်းများကို ကိုယ်စားလှယ်ပေးထားခြင်း သို့မဟုတ် ကိုယ်စားရွေးချယ်စေလွှတ်ခိုင်းခြင်းတို့ကို ပြုလုပ်ခြင်းမျိုးလုံး၀မရှိသည့်အပြင် တခြား‌မည်သည့်အလုပ်အကိုင်ခေါ်ယူသည့် အဖွဲ့အစည်းများနှင့်မှ လက်တွဲလုပ်ကိုင်ခြင်းမရှိကြောင်းကိုလည်း အသိပေးလိုပါတယ်။

Terminal M အပန်းဖြေစျေးဝယ်စင်တာတွင် အလုပ်လျှောက်ထားလိုသူများအနေဖြင့် Terminal M ၏ အလုပ်လက်ခံသည့် အီးမေးလ် [email protected] သို့ လျှောက်ထားလိုသည့်ရာထူး‌အား ရေးသား‌ပြီး တိုက်ရိုက်လျှောက်ထားနိုင်သလို၊ Terminal M Leisure Mall ၏ information ကောင်တာတွင် လူကိုယ်တိုင်လာရောက်လျှောက်ထားနိုင်ပါတယ်။

Terminal M အပန်းဖြေစျေးဝယ်စင်တာ

အမှတ် ၁၉၆၊ အမှတ် ၃ လမ်းမကြီးနှင့် ခရေပင်လမ်းဆုံ၊ အောင်မင်္ဂလာအဝေးပြေးဂိတ်အနီး၊ ရန်ကုန်စက်မှုဇုန်၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်မြို့။

Leave a Reply

Your email address will not be published. Required fields are marked *