Terminal M Scavenger Hunt

စိတ်လှုပ်ရှား ပျော်ရွှင်ဖွယ်ကောင်းမယ့် Terminal M ရဲ့ Scavenger Hunt အစီအစဉ် ….

Scavenger Hunt ဆိုတာကတော့ နိုင်ငံခြားမှာအရမ်းခေတ်စားသလို အခု မြန်မာပြည်မှာဆိုရင်တော့ Terminal M တစ်ခုထဲမှာပဲ ကစားလို့ရတဲ့ ဂိမ်းလေးဖြစ်ပါတယ်။ ဒီအစီအစဉ်ကို လူငယ်တွေအပြင်၊ မိသားစုဝင်တွေပါ ဆော့ကစားနိုင်မှာဖြစ်ပြီး တစ်ယောက်ထဲ (သို့မဟုတ်) အဖွဲ့လိုက်နဲ့ ဂိမ်းမစ်ရှင်တွေကို အခမဲ့ဆော့ကစားလို့ရမှာဖြစ်ပါတယ်။

Scavenger Hunt အစီအစဉ်ကို အပတ်စဉ် စနေနေ့တိုင်းပြုလုပ်မှာဖြစ်ပြီး တစ်နေ့ကို ၃ကြိမ် နဲ့ တစ်ကြိမ်တွင် ၉ဖွဲ့ အထိပါဝင်လို့ရမှာဖြစ်ပါတယ်။ တစ်ကြိမ်ကို ကစားချိန် ၁ နာရီပေးထားမှာဖြစ်ပြီးဆော့ရမယ့် ဂိမ်းမစ်ရှင်တွေကို အမှတ်အများဆုံးရအောင် လုပ်ရမှာဖြစ်ပါတယ်။ အောင်မြင်ထားတဲ့မစ်ရှင်များပေါ်မူတည်ကာ အမှတ်တွေရရှိသွားမှာဖြစ်ပြီး ဆုအနေနဲ့-

  • စုစုပေါင်းရမှတ် ၉၀ နှင့်အထက်ရရှိတဲ့ပြိုင်ပွဲ၀င်အနေနဲ့ Terminal M ရဲ့ ၁သိန်းတန် gift card တစ်ကဒ်
  • စုစုပေါင်းရမှတ်အနည်းဆုံး ၇၀ ရရှိသူများကတော့ ၆သောင်းတန် gift card နဲ့
  • စုစုပေါင်းရမှတ် အနည်းဆုံး ၅၀ ရရှိသူကတော့ Terminal M ၃သောင်းတန်ကဒ် ရရှိမှာဖြစ်ပါတယ်။

ပါဝင်ချင်သူများအနေဖြင့် ကြိုတင်စာရင်းပေးရမှာဖြစ်ပါတယ်။ စိတ်ဝင်စားလို့ ပါဝင်ဆော့ကစားချင်တယ်ဆိုရင်တော့ ဒီလင့်ခ် (https://bit.ly/3yFdd8O) မှာ ဝင်ရောက်စာရင်းပေးသွင်းရမှာဖြစ်ပြီး ဆော့ကစားခွင့်ရသူများကို Terminal M ဘက်မှ ပြန်လည်ဆက်သွယ်ပေးသွားမှာဖြစ်ပါတယ်။

စည်းမျဥ်းစည်းကမ်းများ
ပြိုင်ပွဲ၀င်ရန်စာရင်းသွင်းခြင်းနှင့်ဆိုင်သည့် စည်းကမ်းချက်များ

  • ပြိုင်ပွဲတွင်ပါဝင်မည့်သူသည် အောက်တိုဘာလ ၂၀၂၂ မတိုင်မီ အသက် ၁၆ နှစ်ပြည့်ပြီးသူဖြစ်ပါ မိမိဆန္ဒအလျောက် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ပါဝင်နိုင်မှာဖြစ်ပါတယ်။
  • အုပ်စုအနေဖြင့် ကစားလိုပါက သူငယ်ချင်းများ ၂ ယောက်မှ ၅ ယောက် အထိအဖွဲ့လိုက်ကစားနိုင်ပါသည်။
  • တစ်ဦးချင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ မိမိတို့လုပ်ဆောင်ရန် သတ်မှတ်ထားသောစာရင်းမှာ လုပ်ဆောင်စရာရှိသည့် Task များကို မှတ်တမ်းတင် ဗီဒီယိုရီကော့ဒ်ရိုက်ပေးမည့်တစ်ယောက်ရှိရမည်ဖြစ်သည်။ သို့မှသာ အမှတ်တွက်သောသူမှ လုပ်ဆောင်ပြီးသော Task များကို စာရွက်နှင့်အတူ ဖုန်းမှဓါတ်ပုံ၊ ဗီဒီယိုများဖြင့် သေချာစွာစစ်ဆေး၍ အမှတ်ကို စိစစ်ပေးမည်ဖြစ်သည်။
  • အသက် ၁၆ နှစ်အောက်ကလေးငယ်များပါ၀င်ကစားလိုပါက မိသားစုဝင်/အုပ်ထိန်းသူ အနည်းဆုံးတစ်ဦးပါမှသာ ကစားခွင့်ပြုမည်ဖြစ်သည်။
  • အသက် ၁၆ နှစ်အောက် ကလေးများပါ၀င်ကစားမည့် မိသားစုများအနေဖြင့် ဖောင်ဖြည့်သည့်အခါ မိသားစု Slot နေရာကိုသာရွေးချယ်ထားရမည်ဖြစ်သည်။ မိသားစုလိုက်ယှဥ်ပြိုင်ချင်းများအတွက် တခြားတဦးချင်းအဖွဲ့လိုက်နှင့် မတူညီသည့် ဂိမ်းအမျိုးအစားနှင့်ကစားရမည်ဖြစ်သောကြောင့်ဖြစ်သည်။
  • ပြိုင်ပွဲသည် တကြိမ်လျှင် ၁ နာရီကြာမြင့်မှာဖြစ်ပြီး အများဆုံး ပြိုင်ပွဲဝင် အဖွဲ့ ၅ ဖွဲ့အထိ ပါဝင်ကစားနိုင်မှာဖြစ်ပါသည်။
  • တစ်နေ့လျှင် ပြိုင်ပွဲ ၃ ခုအထိပြုလုပ်သွားမှာဖြစ်ပြီး ပါဝင်ကစားလိုသူများအနေနှင့် ၊ Google Form ကို ဖြည့်စွက်၍ စာရင်းသွင်းရမည်ဖြစ်ပါသည်။
  • ပြိုင်ပွဲ၀င်များအနေဖြင့် မိမိကစားလိုသည့်ရွေးချယ်ထားသည့်အချိန်ထက် အနည်းဆုံး ၁၅ မိနစ် မှ ၃၀ မိနစ်ခန့် စောပြီး စင်တာသို့လာရောက်ရန်လိုအပ်သည်။ နောက်ကျသည့် ပြိုင်ပွဲ၀င် များအနေဖြင့် ပြိုင်ဆိုင်ခွင့်ရရန် နောက်ပြိုင်ပွဲအချိန်ကို ထပ်မံရွေးချယ်ရမည်ဖြစ်သည်။
  • ပြိုင်ပွဲတွင်ပါဝင်မည့်သူသည် မိမိ၏ကိုယ်ပိုင်အချက်အလက်များဖြစ်သော နာမည်၊ ဖုန်းနံပါတ်၊ နေထိုင်ရာမြို့နယ်များကို Terminal M ကတောင်းခံပါက ပေးရန် သဘောတူညီရပါမည်။
  • မိမိသဘောအလျောက်ပါဝင်ကစားခြင်းဖြစ်သည့်အတွက် ပြိုင်ပွဲဝင်ကစားနေစဥ်အတွင်း မတော်တဆထိခိုက်ဒဏ်ရာရမှုများရှိပါက Terminal M မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ
  • Terminal M မှ ဝန်ထမ်းများနှင့် ဆက်စပ်လုပ်ကိုင်နေသော အဖွဲ့အစည်းများမှ ဝန်ထမ်းများ၊ Terminal M ရှိ ဆိုင်ခန်းများမှ ဝန်ထမ်း များပါဝင်ခွင့်မရှိပါ။
  • ပြိုင်ပွဲဝင်ရောက်ရန် မည်သည့် ဝယ်ယူမှုကိုမှ ပြုလုပ်ရန်မလိုအပ်ပါ။

ဆုရွေးချယ်ခြင်းဆိုင်ရာ စည်းကမ်းချက်များ

  • ပြိုင်ပွဲတပွဲလျှင် အမှတ်အများဆုံး ၃ ဦး/၃ ဖွဲ့ကို ရွေးချယ်သွားမည်ဖြစ်သည်။
  • ဆုလက်ဆောင်ကိုမူ အဖွဲ့လိုက်ကစားသည်ဖြစ်စေ၊ တယောက်ထဲဖြစ်စေ ၁ ဖွဲ့အတွက် ၁ခု/ Task ၁ ခု အတွက် သတ်မှတ်ထားသော အမှတ် ၁ ခုစာသာ ရရှိမည်ဖြစ်ပါသည်။
  • အဖွဲ့လိုက် ကစားသူများအနေဖြင့်လည်း Task များကို တစ်ယောက်စီခွဲလုပ်လို့မရဘဲ အတူတူတပြိုင်နက်တည်းပြုလုပ်ရန်လိုအပ်သည်။
  • ပေးထားသော Task များအား သတ်မှတ်ထားသော Game Round Time ၁ နာရီအတွင်းလုပ်ဆောင်ရမှာဖြစ်ပြီး စတင်ဆော့ကစားသည့်အချိန်မှစ၍ ပြန်လည်ရောက်ရှိရန်သတ်မှတ်ထားသော ၁ နာရီအချိန်တွင် သတ်မှတ်ထားသောစုရပ်နေရာကို ရောက်ရှိပြီး မှတ်တမ်းတင်ရိုက်ကူးထားသော ဗီဒီယိုအပြည့်အစုံရှိမှသာလျှင် အမှတ်များကို ရေတွက်ပေးမှာဖြစ်ပါသည်။
  • ပြိုင်ပွဲချိန် ၆၀ မိနစ် ကျော်လွန်မှ တင်ပြလာသော Complaint များ၊ Task လုပ်ဆောင်မှုများအား ထည့်သွင်းစဥ်းစားမည်မဟုတ်ပါ။
  • အမှတ် ၅၀ မှစ၍ ဆုလက်ဆောင်ခံစားခွင့်များရရှိမည်ဖြစ်ပြီး အမှတ် ၅၀ လျှင် Terminal M Gift Card ၃၀,၀၀၀ ကျပ်တန် ၁ခု ရရှိ မှာဖြစ်ပြီး အမှတ်အများ ဆုံးရရှိသူသည် ဆုအကြီးဆုံးကို ဆွတ်ခူးနိုင်မည်ဖြစ်သည်။
    (အမှတ် ၅၀ = Terminal M ၃၀,၀၀၀ ကျပ်တန် gift card ၁ခု နှင့် သတ်မှတ်ထားသည့် collterals လက်ဆောင်
    အမှတ် ၇၀ = ၆၀,၀၀၀ ကျပ်တန် gift card ၁ခု နှင့် Terminal M Gift Pack
    အမှတ် ၉၀ နှင့်အထက် = ၁၀၀,၀၀၀ ကျပ်တန် gift card ၁ခု နှင့် Terminal M Gift Pack)
  • ရမှတ်တူညီနေပါက Task Level နှင့်ခွဲ၍ အနိုင်ပေးသွားမည်ဖြစ်သည်။ (ဥပမာ – အမှတ် အများဆုံး ၂ ယောက်သည် အမှတ် ၈၀နှင့် ရမှတ် အတူတူဖြစ်နေပါက Hard နှင့် Medium Level Task အရေအတွက်ပိုများသူက အနိုင်ရရှိမည်ဖြစ်သည်။)
  • ရရှိလာသော ဆုလက်ဆောင်များအား ငွေသားနှင့် ပြန်လည် လဲလှယ်ပေးမည်မဟုတ်ပါ။
  • ဂိမ်းနှင့်ပတ်သက်၍ အငြင်းပွားဖွယ်ရာများဖြစ်ပေါ်လာပါက Terminal M ဖက်မှ ဂိမ်းနှင့်ပတ်သက်သော တာဝန်ရှိသူ၏ ဆုံးဖြတ်ချက် သာအတည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *